Home » Myanmar
Categorieslatest

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းဆိုင်ရာတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တက်ရောက်

Skip to main content ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းဆိုင်ရာတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တက်ရောက် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းဆိုင်ရာတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တက်ရောက် နေပြည်တော် ဧပြီ ၉ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းဆိုင်ရာတွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ နေပြည်တော်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ နေပြည်တော် ကောင်စီနှင့်ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်း ကော်မတီဝင်များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက သန်းခေါင်စာရင်းဆိုသည်မှာ လူဦးရေဆိုင်ရာ အကြောင်းအရာ၊ စီးပွားရေး၊ လူမှုရေး အကြောင်းအရာများကို တစ်နိုင်ငံလုံး သို့မဟုတ် သတ်မှတ်နယ်မြေဒေသ တစ်ခုအတွင်း၌ရှိသည့် လူတိုင်းကို တစ်ကြိမ်တည်း၊ တစ်ပြိုင်တည်းကောက်ယူသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်းကြောင့် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး လုပ်ငန်းများအတွက် ခိုင်လုံသော အခြေခံစာရင်းအင်း ကိန်းဂဏန်းများ ရရှိစေခြင်း၊ နောင်လာမည့် နှစ်များအတွက် စီမံကိန်းများရေးဆွဲရာတွင် ပိုမိုတိကျမှုရှိစေရန် ခိုင်လုံသောခန့်မှန်း လူဦးရေများ တွက်ချက်ပေးနိုင်ခြင်း၊ ယခင်ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းများနှင့် ယခုကောက်ယူခဲ့သည့် သန်းခေါင်စာရင်းမှ ရရှိလာသည့် အချက်အလက်များကို နှိုင်းယှဉ်ဆန်းစစ် လေ့လာနိုင်ခြင်း၊ လူမှုရေး၊ စီးပွားရေးနှင့် အခြားနမူနာ ကောက်စစ်တမ်းများအတွက် အခြေခံစာရင်းအင်းများ ရရှိနိုင်ခြင်း၊ မဲဆန္ဒရှင်စာရင်းခန့်မှန်း ရရှိနိုင်ခြင်း၊ လူဦးရေပျံ့န့ှံမှုနှင့် နိုင်ငံသား၊ နိုင်ငံခြားသား စိစစ်ခြင်း လုပ်ငန်းများ၊ နိုင်ငံတကာ လူဦးရေစာရင်းများတွင် မှန်ကန်စွာ နှိုင်းယှဉ်နိုင်ခြင်း၊ နိုင်ငံတော်၏ လူဦးရေမူဝါဒ ရေးဆွဲရေးတွင် အထောက်အကူပြုနိုင်ခြင်း၊ သက်ဆိုင်ရာ ဒေသအလိုက် လိုအပ်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် တွက်ချက်နိုင်ခြင်း စသည်တို့ကို အကျိုးရှိရှိ အသုံးပြု ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို ၁၀ နှစ်လျှင် တစ်ကြိမ်ကောက်ယူလေ့ရှိပြီး မိမိတို့နိုင်ငံအနေဖြင့်လည်း ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်ပြီးနောက် ၁၀ နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို စီမံဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြား ကာလများတွင် မိမိတို့နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု၊ အကြမ်းဖက် အဖွဲ့အစည်းများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ပြည်တွင်း/ပြည်ပသို့ ရွှေ့ပြောင်းသွားလာမှုများ ရှိသည့်အတွက် လူဦးရေဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ်များ မလွဲမသွေ ဖြစ်ပေါ်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြား မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ ပြောင်းလဲမှုများကို နှိုင်းယှဉ်လေ့လာ သုတေသနပြုပြီး လိုအပ်သည့်မူဝါဒ၊ စီမံကိန်းများချမှတ်ရန်အတွက် ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကို မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း။ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် အလိုက် ခရိုင်/မြို့နယ်/ရပ်ကွက်/ကျေးရွာ အုပ်စု စသည်တို့ကို အခြေခံ၍ ၂၀၂၄ ခုနှစ်တွင် ရှိလာမည့်ခန့်မှန်း လူဦးရေ ၅၆ သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စု အရေအတွက် ၁၃ သန်းခန့်ကို အခြေခံ တွက်ချက်ထားပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် မြေပြင်ကွင်းဆင်း ရေးဆွဲမှုအရ သန်းခေါင်စာရင်းယူနစ် (Census Unit) ၈၀၀၀၀ ခန့်ရှိပြီး စာရင်းကောက်ကွက်ပေါင်း ၁၁၀၀၀၀ ခန့်ရှိမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၄၂၀၀၀ ခန့်ဖြင့် ကောက်ယူဆောင်ရွက်ရန် လျာထားပြီး နေပြည်တော် ကောင်စီအနေဖြင့် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၁၀၉၄ ဦး ခန့်ထား ဆောင်ရွက်ရန် လျာထားပါကြောင်း၊ စာရင်းကောက်ယူရာတွင် တွေ့ရှိရာအရပ်၌ ကောက်ယူသည့်မူ (De Facto) ဖြင့် အသုံးပြုမည်ဖြစ်ပြီး စာရင်းကောက်များက Tablet များအသုံးပြု၍ ကွန်ပျူတာ အထောက်အကူပြု လူတစ်ဦးချင်း ကောက်ယူသည့်စနစ်(Computer Assisted Personal Interviews-CAPI) ဖြင့် ကောက်ယူ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ စာရင်းကောက်ယူခြင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ ၁၅ ရက်ကြာ ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်မည်ဖြစ်ပြီး သန်းခေါင်စာရင်း ရည်ညွှန်းချိန်မှာ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက် ညသန်းခေါင်ယံ အချိန်ဖြစ်ပြီး အိမ်ထောင်စုမေးခွန်း ပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်းမေးခွန်း ပုံစံအတွက် မေးခွန်း ၁၈ ခုကို မေးမြန်းကောက်ယူမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် Tablet များ အသုံးပြု၍ CAPI စနစ်ဖြင့် ကောက်ယူသည့်အတွက် မေးမြန်းကောက်ယူထားသည့် အချက်အလက်များအား အချိန်တိုအတွင်း နေပြည်တော်ရုံးချုပ်ရှိ Server သို့ပေးပို့နိုင်ပြီး အားလုံးကောက်ယူ ပြီးစီးသည်နှင့် လူဦးရေဆိုင်ရာ အချက်အလက်များကို အမြန်ဆုံးထုတ်ပြန်ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်တွင် ထုတ်ပြန်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအတွက် စာရင်းစစ်၊ စာရင်းကောက် နည်းပြသင်တန်းနှင့် ဆင့်ပွားသင်တန်း အဆင့်ဆင့်ကို၂၀၂၄ ခုနှစ် သြဂုတ်လမှစတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဗဟိုအဆင့်နည်းပြ သင်တန်းကို နေပြည်တော်တွင် လည်းကောင်း၊ အထူးနည်းပြသင်တန်းကို နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင်လည်းကောင်း၊ ခရိုင်နည်းပြသင်တန်းကို ခရိုင်အဆင့် ၁၂၆ နေရာတွင် လည်းကောင်း၊ စာရင်းစစ်၊ စာရင်းကောက် သင်တန်းကို မြို့နယ်အဆင့်နေရာ ၉၀၀ ခန့်တို့တွင်လည်းကောင်း ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် မရှိမဖြစ် လိုအပ်သည့် လူဦးရေနှင့်လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်း အချက်အလက်များ ရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကို အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ်ခံယူကာ ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းနှင့်ပတ်သက်၍ ကော်မတီအဆင့်ဆင့် ဖွဲ့စည်းထားရှိမှု၊ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ ပြည်သူ့အင်အား ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်စိုးက လူဦးရေ၏ အခန်းကဏ္ဍ၊ သန်းခေါင်စာရင်း ကောက်ယူခြင်းမှ ရရှိနိုင်မည့် အချက်အလက်များ၊ လူဦးရေပြောင်းလဲမှု ဖြစ်စဉ်၏အရေးပါမှု၊ သန်းခေါင်စာရင်း အချက်အလက်များမှ ဖော်ထုတ်ချက် အကျဉ်းချုပ်တို့ကို ရှင်းလင်းဆွေးနွေး တင်ပြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ နေပြည်တော် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဆွေက လက်ခံရယူခဲ့ကြောင်း သိရသည်။ ပြည်တွင်းသတင်း

Categorieslatest

ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနတွင် မီးဘေးလုံခြုံရေး စီမံချက် ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ

Skip to main content ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနတွင် မီးဘေးလုံခြုံရေး စီမံချက် ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနတွင် မီးဘေးလုံခြုံရေး စီမံချက် ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ နေပြည်တော် ဧပြီ ၉ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနတွင် မီးဘေးလုံခြုံရေး စီမံချက်ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပူပြင်းခြောက်သွေ့သော နွေရာသီကာလကို ရောက်ရှိလာသဖြင့် အကြောင်းအမျိုးမျိုးကြောင့် မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်လာပါက ချက်ချင်း ဆောင်ရွက်ရမည့် နည်းလမ်းများကို ဝန်ထမ်းအားလုံး သိရှိနားလည်ဆောင်ရွက် တတ်စေရန် ယနေ့အခမ်းအနားကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန ရုံးအဆောက်အအုံ ပရိဝုဏ်အတွင်းအပြင်၊ ရုံးပစ္စည်းကိရိယာများနှင့် အရေးကြီးစာရွက်စာတမ်းများ မီးဘေးအန္တရာယ် ကင်းဝေးစေရန်နှင့် မတော်တဆ မီးလောင်ကျွမ်းမှုများ ဖြစ်ပွားလာပါက ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်နိုင်ရန် ဝန်ထမ်းများအားလုံး မီးဘေး လုံခြုံရေးစီမံချက်ပါ လုပ်ငန်းစဉ်များကို ကောင်းစွာသိရှိထားကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို သေချာလေ့လာသိရှိပြီး ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ကြရန်နှင့် ဝန်ထမ်းများအားလုံး မီးဘေးအသိ သတိရှိစွာ အထူးဂရုပြုနေထိုင်ကြရန် တိုက်တွန်းပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မီးလောင်မှု အခြေခံ သဘောတရားများ၊ မီးဘေးကြိုတင် ကာကွယ်ရေးနှင့် ရှောင်ကြဉ်ရမည့် အချက်များ၊ မီးငြှိမ်းသတ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ မီးငြှိမ်းသတ်ရာတွင် တွေ့ကြုံရသည့် အတွေ့အကြုံများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဝန်ကြီးရုံးအုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ် စီမံခန့်ခွဲမှုဌာနခွဲ ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးက ဝန်ကြီးဌာန၏ မီးဘေးလုံခြုံရေး စီမံချက်ပါ သာမန်အချိန်၊ မီးလောင်မှုဖြစ်ပေါ်ချိန်နှင့် မီးလောင်ကျွမ်းပြီးချိန်တို့တွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန် ကွပ်ကဲမှုအဖွဲ့၊ ကြိုတင်ကာကွယ် တားဆီးရေးအဖွဲ့၊ မီးငြှိမ်းသတ်ရေးအဖွဲ့၊ သယ်ယူရွှေ့ပြောင်းရေးအဖွဲ့၊ လုံခြုံရေးအဖွဲ့၊ ပို့ဆောင်ရေးအဖွဲ့ဟူ၍ အဖွဲ့ ၆ ဖွဲ့ ဖွဲ့စည်း ဆောင်ရွက်ထားရှိမှုများနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြကြောင်း သိရသည်။ ပြည်တွင်းသတင်း

Categorieslatest

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ မဟာသင်္ကြန်ကာလအတွင်း ခရီးသွား ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာခရီးသွားလာနိုင်ရန်အတွက် အထူးရထားခရီးစဉ် များ ပြေးဆွဲမည်

Skip to main content ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ မဟာသင်္ကြန်ကာလအတွင်း ခရီးသွား ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာခရီးသွားလာနိုင်ရန်အတွက် အထူးရထားခရီးစဉ် များ ပြေးဆွဲမည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ မဟာသင်္ကြန်ကာလအတွင်း ခရီးသွား ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာခရီးသွားလာနိုင်ရန်အတွက် အထူးရထားခရီးစဉ် များ ပြေးဆွဲမည် နေပြည်တော် ဧပြီ ၄ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် မဟာသင်္ကြန် ကာလ(၁၃-၄-၂၀၂၄) ရက်မှ (၂၁-၄-၂၀၂၄) ရက်အတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် ဧပြီလ ၁၃ ရက်နှင့် ၂၂ ရက်တို့တွင် အထူးရထားများကို ထပ်တိုးပြေးဆွဲ ပေးသွား မည်ဖြစ်ပြီး သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီလ ၁၃ ရက်မှ သင်္ကြန်အတက်နေ့ဖြစ်သည့် ၁၆ ရက်အထိ လူစီးအမြန်ရထားအချို့ပြေးဆွဲမှု ခေတ္တရပ်နားထားမည် ဖြစ်ပါသည်။ လက်ရှိပြေးဆွဲပေးနေသော ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း အမှတ်(၁၁)အဆန်၊ အမှတ်(၁၂) အစုန် ရထားနှင့် ရန်ကုန်-မော်လမြိုင် လမ်းပိုင်းအတွင်း အမှတ်(၈၁)အဆန်၊ အမှတ်(၈၂)အစုန်ရထားများကို ပုံမှန်အတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ရန်ကုန်-မန္တလေး-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင်-ရန်ကုန်နှင့် ရန်ကုန်-ပြည်-ရန်ကုန် ခရီးစဉ်များကို အောက်ပါနေ့ရက်များတွင် အထူးရထားများ တိုးချဲ့ပြေးဆွဲပေးသွား မည်ဖြစ်ပါသည်- ရထားစီးခရီးသွားပြည်သူများအား အထက်တန်းလက်မှတ်အား(၃)ရက်၊ ရိုးရိုးတန်း လက်မှတ်အား (၁)ရက်ကြိုတင်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် နေပြည်တော်မှ ဌာနဆိုင်ရာ ဝန်ထမ်းများ အနေဖြင့် မြန်မာ့မီးရထား၊ စီးပွားရေးဌာန၊ ခရီးသည်ဌာနခွဲတွင် လျှောက်လွှာဖြင့် ကြိုတင်ဝယ်ယူ နိုင်ကြောင်း သတင်းရရှိပါသည်။ မြန်မာ့မီးရထား ပြည်တွင်းသတင်း

Categorieslatest

ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ အစည်းအဝေး ကျင်းပ

Skip to main content ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ အစည်းအဝေး ကျင်းပ ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ အစည်းအဝေး ကျင်းပ နေပြည်တော် ဧပြီ ၄ ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေသြဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များ အသင်းနှင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ ဦးဆောင်ကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။ ဦးစွာ ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ဦးဆောင်ကော်မတီ အနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ အခက်အခဲများ ဖြေလျှော့ပေးနိုင်ရေးနှင့် စိုက်ပျိုးသီးနှံများ အထွက်နှုန်းတိုးစေရေးတို့ အတွက် စိုက်ပျိုးရေး လုပ်ငန်းများတွင် လိုအပ်လျက်ရှိသော စံချိန်စံညွှန်း ပြည့်ဝသည့် သွင်းအားစုများကို ဈေးနှုန်းသက်သာစွာ ရာသီချိန်အမီဖြန့်ဖြူး ရောင်းချပေးနိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ပြည်ပမှ တင်သွင်းရာတွင် စနစ်တကျဖြစ်စေရေး၊ မျှမျှတတဖြစ်စေရေး၊ ပွင့်လင်းမြင်သာမှု ဖြစ်စေရေး တို့ကိုလည်း ကြီးကြပ် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံမြေသြဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များ အသင်း၏ တင်ပြချက်များအရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဓာတ်မြေသြဇာ တင်သွင်းမှုအနေဖြင့် တန်ချိန် ၁ ဒသမ ၀၄၇ သန်းနှင့် ပိုးသတ်ဆေး တင်သွင်းမှုအနေဖြင့် တန်ချိန် ၂၇၁၂၉ ဒသမ ၂၄ တန် ရှိပါကြောင်း၊ မြေသြဇာအသင်း အနေဖြင့် အသင်းဝင် ကုမ္ပဏီများကို သွင်းကုန်လိုင်စင်ရရှိရေး လျှောက်ထားတင်ပြသည့် အခါနှင့် သွင်းကုန်လိုင်စင် ရရှိပြီးသည့်အခါတို့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့မှ ထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရေး ကြီးကြပ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း။ မိမိတို့ဦးဆောင်ကော်မတီအနေဖြင့် အသင်းဝင် ကုမ္ပဏီများကို နှစ်စဉ်တင်သွင်းမှု စာရင်းအပေါ် အခြေခံ၍ ကုမ္ပဏီအလိုက် တင်သွင်းမှု ပမာဏတန်ချိန် သတ်မှတ်ထားသော်လည်း အမှန်တကယ် ဆောင်ရွက်သည့် ကုမ္ပဏီအသစ်များကိုပါ တင်သွင်းခွင့်ပြုထားကြောင်း၊ ကုမ္ပဏီအသေးများ ဈေးနှုန်းယှဉ်ပြိုင် နိုင်အောင်လည်း စီစဉ်ပေးထားကြောင်း၊ ဈေးနှုန်းယှဉ်ပြိုင်ရသည်ဖြစ်၍ အမှန်တကယ် တင်သွင်းသူများကို စိစစ်ထောက်ခံပေးထားကြောင်း၊ သွင်းအားစုများ အချိန်မီရရှိရေး၊ အရည်အသွေး ပြည့်မီရေးနှင့် ဈေးနှုန်း သက်သာအောင် ကြီးကြပ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်က ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံ၊ အားသာချက်၊ အားနည်းချက်များကို နမူနာယူပြီး ယခုနှစ်မှာ အားနည်းချက်များ မရှိရအောင် သက်ဆိုင်ရာအဖွဲ့ဝင်များက ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း ပြောကြားသည်။ ထို့နောက် ဦးဆောင်ကော်မတီ အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားမှုများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် သွင်းအားစုများ တင်သွင်းခွင့်ရရှိရေး စည်းကမ်းနှင့်အညီ စိစစ်ထောက်ခံပေးမည့် အခြေအနေများကို လည်းကောင်း၊ မြန်မာနိုင်ငံ မြေသြဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်း ကိုယ်စားလှယ်က လုပ်ငန်း ဆောင်ရွက်နေမှုများကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်။ ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး က လုပ်ငန်း ဆောင်ရွက်နေမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်း ဆွေးနွေးကြပြီး ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးစီးဌာန ကိုယ်စားလှယ်များက ဝိုင်းဝန်းအကြံပြုရှင်းလင်း ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Artemii ALIMOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၁ နာရီခွဲတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့အကြား နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ သဘာဝမြေသြဇာထုတ်လုပ်ရေး လုပ်ငန်းများ၊ ရုရှား-မြန်မာ သဘာဝမြေသြဇာ စက်ရုံတည်ဆောက်ရေး စီမံကိန်းဆိုင်ရာ ကိစ္စရပ်များ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံထုတ် သဘာဝမြေသြဇာ တင်သွင်းရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ ပြည်တွင်းသတင်း

Categorieslatest

Practicing High-quality Development And Promoting Modernization In Guangdong Province – Global New Light Of Myanmar

In the morning of 29 March, the Information Office of the State Council of China held a series of press conferences on the theme of “Promoting High-quality Development”. Wang Weizhong, Governor of Guangdong Province, introduced the economic and social development of Guangdong around the theme of “Promoting High-quality Development of Guangdong and Advancing Modernization with Chinese Characteristics”. Wang Weizhong said that Guangdong has actively advanced the construction of modernization with Chinese characteristics around the primary task of high-quality development as well as the strategic task of building a new development pattern. Guangdong held the provincial high-quality development conference on the first workday after the Spring Festival Holidays for two consecutive years, seizing the major opportunities of a new round of scientific and technological revolution and industrial transformation, and taking accelerating the mutual promotion and reinforcement of industries and technology as well as the development of productivity of new quality as a strategic move. Guangdong is a province with an enormous economy, a large population and a huge foreign trade. The regional GDP has reached 13.57 trillion yuan in 2023, accounting for about 1/10 in China, ranking first in the country for 35 consecutive years. The total number of business entities has exceeded 18 million, of which 7.8 million are enterprises, accounting for 1/7 of the country. Guangdong has joined hands with Hong Kong and Macao to accelerate the construction of a world-class Greater Bay Area. On 1 March, the Guangdong-Macao In-Depth Cooperation Zone in Hengqin has realized the branch line management, taking a key step towards the integration of Hengqin and Macao. The Shenzhen-Zhongshan Tunnel and Huangmao Sea Cross-Sea Corridor will be opened to traffic this year, making the major cities in the Greater Bay Area reachable within one hour. Guangdong relies on productivity of new quality to inject strong vitality into high-quality development. Guangdong has 71,000 industrial enterprises above designated size and 75,000 high-tech enterprises, ranking first in the country. The cumulative application volume of PCT international patents, the regional development index of intellectual property rights, the effective registered trademark volume, and the effective amount of invention patents all rank first in the country, and the regional innovation capacity has taken the first place nationwide for seven consecutive years. Guangdong has comprehensively enhanced the comprehensive economic strength of the county, gathered efforts to improve the capacity level of urban construction, promoted the orderly transfer of domestic and foreign industries, especially those from the Pearl River Delta, to the east, west and north regions in Guangdong, and accelerated the transformation of disadvantages into “potential advantages”. In 2023, the excellence rate of air quality in Guangdong was 94.8%, and the forest coverage rate amounted to 53%, so that a “greening-up” has been basically achieved. Now it is the time for “beautification”. Guangdong strives to optimize the forest diversification and improve the forest facies, actively and steadily promote carbon peaking and carbon neutrality, making the ecological environment of Guangdong better. Guangdong has optimized the public service system and social security network to solve the urgent and worrying problems of the masses and promote common prosperity. Guangdong will spare no effort to ensure the employment of key groups. Wang Weizhong and Zhang Hu, executive vice governor of Guangdong Province, responded to reporters’ questions on economic construction, coordinated development of urban and rural areas, foreign investment and foreign trade, business environment reform, ecological construction and other issues of concern to Chinese and foreign media. Contact Person: Zhang Yan Tel: 008610-68994660 Email: 1713543383@qq.com

Categorieslatest

Novosibirsk State Technical University ESifU Nuclear Energy Information Center တို့သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် သွားရောက်လေ့လာ

Skip to main content Novosibirsk State Technical University ESifU Nuclear Energy Information Center တို့သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် သွားရောက်လေ့လာ Novosibirsk State Technical University ESifU Nuclear Energy Information Center တို့သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် သွားရောက်လေ့လာ နေပြည်တော် မတ် ၃၀ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Novosibirsk မြို့၌ရောက်ရှိနေသည့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် Rosatom မှ တာဝန်ရှိသူများနှင့်အတူ မတ်လ ၂၉ ရက် နံနက်ပိုင်းတွင် Novosibirsk State Technical University နှင့် Nuclear Energy Information Center တို့သို့ သွားရောက်ကြည့်ရှု လေ့လာကြသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Novosibirsk State Technical University သို့ရောက်ရှိကြရာ တက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ၊ လေ့ကျင့်သင်ကြားပေးလျက်ရှိသည့် ဘာသာရပ်များ၊ ပြည်ပမှသင်တန်းသားများအား လက်ခံသင်ကြားနေမှု၊ စာပေသင်ကြားပို့ချပေးနေမှုနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို Video Clip ဖြင့် ရှင်းလင်းပြသကြပြီး သိပ္ပံနှင့်နည်းပညာဆိုင်ရာ ကိစ္စရပ်များနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားရေးနှင့် ပညာတော်သင်များ စေလွှတ်နိုင်ရေး ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက္ကသိုလ်စာသင်ဆောင်များ၊ သုတေသနပြခန်းများ၊ သိပ္ပံနှင့်နည်းပညာ ဘာသာရပ်အပါအဝင် ဘာသာရပ်ဆိုင်ရာ သုတေသနပြု တွေ့ရှိချက်များနှင့် သင်ကြားမှု၊ သင်ယူမှုအထောက်အကူ ပစ္စည်းများကို လှည့်လည်ကြည့်ရှု လေ့လာကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Nuclear Energy Information Center သို့ရောက်ရှိကြပြီး နည်းပညာဆိုင်ရာ တီထွင်ဖန်တီးမှုများကို လှည့်လည် ကြည့်ရှုလေ့လာကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား Nuclear Energy Information Center မှ တာဝန်ရှိသူများက စွမ်းအင်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ဖြန့်ဝေမှု၊ ပြည်သူလူထုအတွင်း အသိပညာ ပြန့်ပွားရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်မှု၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ မြှင့်တင်ရေးလုပ်ငန်းများနှင့် မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသည့် နျူကလီးယား နည်းပညာ သတင်းအချက်အလက် စင်တာ၏ လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ ပြည်တွင်းသတင်း

Categorieslatest

၂၀၂၄ ခုနှစ်၊ (၇၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကျင်းပပုံများကို တိုက်ရိုက် ထုတ်လွှင့်သွားမည်

Skip to main content ၂၀၂၄ ခုနှစ်၊ (၇၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကျင်းပပုံများကို တိုက်ရိုက် ထုတ်လွှင့်သွားမည် ၂၀၂၄ ခုနှစ်၊ (၇၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကျင်းပပုံများကို တိုက်ရိုက် ထုတ်လွှင့်သွားမည် ၂၀၂၄ ခုနှစ်၊ (၇၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား ကျင်းပပုံများကို မတ်လ ၂၇ ရက် ညနေ ၅ နာရီ ၁၅ မိနစ်အချိန်မှစ၍ MWD HD၊ MWD VARIETY HD ၊ MRTV-HD ၊ MRTV Parliament ၊ MRTV NRC ရုပ်သံလိုင်းများနှင့် မြန်မာ့အသံရေဒီယို၊ ပတ္တမြား FM၊ ချယ်ရီ FM၊ ပဉ္စဝတီ FM၊ မန္တလေး FM၊ ရွှေ FM၊ ပုဂံ FM၊ Star FM၊ သဇင် FM တို့အပြင် MRTV APP အပါအဝင် Online တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား ကြိုတင် အသိပေးအပ်ပါသည်။ ပြည်တွင်းသတင်း တပ်မတော်သတင်း

Categorieslatest

စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၀၂၄ ခုနှစ် သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့် အပ်နှင်းပွဲ အခမ်းအနား ကျင်းပ

Skip to main content စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၀၂၄ ခုနှစ် သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့် အပ်နှင်းပွဲ အခမ်းအနား ကျင်းပ စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၀၂၄ ခုနှစ် သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့် အပ်နှင်းပွဲ အခမ်းအနား ကျင်းပ မုံရွာ မတ် ၂၄ စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲ မင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်သာသနာ့ ဗိမာန်တော်၌ ကျင်းပသည်။ အခမ်းအနားသို့ ပင့်သံဃာတော်များ၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများကြွရောက်တော်မူကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက နမောတဿ သုံး ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး တိုင်းဒေသကြီး သာသနာရေးမှူးက အခမ်းအနားဖွင့်စာတမ်းအား ဖတ်ကြားလျှောက်ထားသည်။ ထို့နောက် နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက သောဠသမရွှေကျင် သာသနာပိုင် သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ယင်းနောက် မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့ဆိပ်တော်ရ စစ်ကိုင်းမြို့မင်းကွန်း တောင်ရိုးနဂါးပတ်တောင် ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တတိသာသနက သမ္မောဒနီယ သြဝါဒကထာမြွက်ကြား ချီးမြှင့်တော်မူပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ဆက်လက်၍ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်တို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ချီးမြှင့် အပ်နှင်းခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ပင့်သံဃာတော်များအား တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု “သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းသည်။ ယင်းနောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များက ဆွမ်းဆန်စိမ်းများ လောင်းလှူကြသည်။ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့် အပ်နှင်းပွဲ မင်္ဂလာ အခမ်းအနားတွင် ဘွဲ့တံဆိပ်တော်ရ ဆရာတော် ၁၉ ပါး၊ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး ရှစ်ပါးနှင့် လူပုဂ္ဂိုလ် အမျိုးသမီး တစ်ဦးတို့အား ဆက်ကပ်ချီးမြှင့် အပ်နှင်းခဲ့ကြောင်း သိရသည်။ ပြည်တွင်းသတင်း

Categorieslatest

Religious Titles For 2024 Offered To Title Recipient Sayadaws, Nuns Along With Rice Donation – Global New Light Of Myanmar

Chairman of the State Administration Council Prime Minister Senior General Min Aung Hlaing and his wife Daw Kyu Kyu Hla attended the ceremony to offer religious titles for 2024 in conjunction with rice donation at Agga Dhipati Sasana Beikman in the precinct of Maravijaya Buddha Park in Nay Pyi Taw yesterday. The Senior General offered Abhidhaja Maha Rattha Guru title and insignia to Sayadaw Bhaddanta Sumana of the Buddha Sasana Theikpan Monastery and Sein Ma Ma Pali University in Mawlamyine. SAC Vice-Chairman Deputy Prime Minister Vice-Senior General Soe Win offered Abhidhaja Maha Rattha Guru title and insignia to Meiktila Monastery Sayadaw Bhaddanta Sujanapiya of Maha Dhammikarama Monastery in Mandalay. Secretary Lt-Gen Aung Lin Dwe presented Abhidhaja Maha Rattha Guru title and insignia to Sayadaw Bhaddanta Vasava, Maha Patron of the Mahasi Sasana Yeiktha in Bahan Township. Joint Secretary Lt-Gen Ye Win Oo offered Abhidhaja Agga Maha Saddhamma Jotika title and insignia to Zeyathiri Athawka Monastery Sayadaw Bhaddanta Sirinda in Bago. SAC members, Union-level officials, Union ministers, senior military officers from the Office of the Commander-in-Chief and officials offered Abhidhaja Agga Maha Saddhamma Jotika, Abhidhaja Maha Rattha Guru, Agga Maha Pandita, Agga Maha Saddhamma Jotikadhaja, Agga Maha Ganthavacaka Pandita and Agga Maha Kammathanacariya titles and insignia to relevant recipient Sayadaws. Subsequently, the wife of the Senior General presented Agga Maha Ganthavacaka Pandita title and insignia to Nun Daw Gunavati of the Zayyatheingi Nunnery in Sagaing, and Nun Daw Dhammesi of the Ayethuwady Nunnery in Monywa. The Senior General also presented Agga Maha Thiri Thudhamma Mani Jotadhara title and insignia to Dr Maung Maung Oo, and Thiri Thudhamma Mani Jotadhara title and insignia to U Mann Sein and U Wam Shin Shwe. The Vice-Senior General presented Thiri Thudhamma Mani Jotadhara title and insignia to U Aung Ko Zaw. The wife of the Senior General presented Agga Maha Thiri Thudhamma Theingi title and insignia to Daw San San Wai and Daw Nu Nu Nge, and Thiri Thudhamma Theingi title and insignia to Daw Tin Nyunt, Daw Mya Win and Daw Ni Ni Kyaw. The wife of the Vice-Senior General presented Thiri Thudhamma Theingi title and insignia to Daw Maw Maw Nyunt, Daw Htay Htay Yin and Daw Khaing Pyae Sone Kyaing. In 2024, the State Administration Council offered religious titles to 421 members of the Sangha, 41 nuns, and 47 laypeople at home and abroad. At the ceremony, titles were offered to five Abhidhaja Maha Rattha Guru Sayadaws, six Abhidhaja Agga Maha Saddhamma Jotika Sayadaws, 21 Agga Maha Pandita Sayadaws, 45 Agga Maha Saddhamma Jotikadhaja Sayadaws, 23 Agga Maha Ganthavacaka Pandita Sayadaws, eight Agga Maha Kammathanacariya Sayadaws, two Agga Maha Ganthavacaka Pandita nuns and 12 Sasana Nuggaha title winner laypeople. Chief Ministers and officials presented titles to remaining recipient Sayadaws, nuns and laypeople in respective regions and states. The Senior General and wife, the Vice-Senior General and wife, and officials donated rice and offertories to recipient Sayadaws and nuns at pavilions in the Buddha Park. Also present were Chairman of the State Sangha Maha Nayaka Committee Agga Maha Pandita Agga Maha Saddhamma Jotikadhaja Thanlyin Minkyaung Sayadaw Dr Bhaddanta Candima Bhivamsa, Secretary of the SSMNC Mandalay’s Masoeyein Taikthit Maha Patron Sayadaw Dhamma Thameikdi Monastery Sayadaw Agga Maha Pandita Agga Maha Saddhamma Jotikadhaja Maha Dhammakathika Bahujana Hitadhara Bhaddanta Vasettha Bhivamsa and laypersons. — MNA/NT

Categorieslatest

မြန်မာနိုင်ငံအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ ဘာကြောင့်လိုအပ်သလဲ

Skip to main content မြန်မာနိုင်ငံအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ ဘာကြောင့်လိုအပ်သလဲ မြန်မာနိုင်ငံအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ ဘာကြောင့်လိုအပ်သလဲ ကမ္ဘာ့နိုင်ငံများအားလုံးမှာ မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့အတွက် ကာကွယ်ရေး စွမ်းအားစုတွေ စုဆောင်းနိုင်အောင် ကွဲပြားခြားနားတဲ့ စစ်မှုထမ်းဥပဒေများကို ကျင့်သုံးလျက်ရှိကြပါတယ်။ ဒီလိုကျင့်သုံးတဲ့ နေရာမှာ မိမိနိုင်ငံအတွက် လိုအပ်မယ့်၊ ကိုက်ညီမယ့် ပမာဏကို စိစစ်ခေါ်ယူလေ့ ရှိကြပါတယ်။ သို့သော်လည်း ဒီလိုစစ်မှုထမ်း ဥပဒေတွေရဲ့ တကယ့်အနှစ်သာရက နိုင်ငံသားအားလုံးသည် မိမိနိုင်ငံကို ကာကွယ်ဖို့ တာဝန်ရှိတယ်၊ လိုအပ်ရင် စစ်မှုထမ်းဆောင်ရမယ်၊ နိုင်ငံတော် ကာကွယ်ရေး အတတ်ပညာတွေ တတ်ရမယ်ဆိုတဲ့ အသိစိတ်ဓာတ်ရှိလာအောင် ပြဋ္ဌာန်းထားကြတာ ဖြစ်ပါတယ်။ ဒီလိုပြဋ္ဌာန်းပြီး ရွေးချယ်စိစစ်ခေါ်ယူမယ့် နည်းလမ်းနဲ့ ပမာဏကို နိုင်ငံတော်မှ သုံးစွဲနိုင်မယ့် ဘဏ္ဍာငွေပမာဏနဲ့ နိုင်ငံရေးနဲ့ လုံခြုံရေး ပတ်ဝန်းကျင် အခြေအနေတွေအရ ထိန်းညှိဆောင်ရွက်ကြရပါတယ်။ ဒီဆောင်းပါးမှာတော့ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ စစ်မှုထမ်းဥပဒေတွေနဲ့ မြန်မာနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်းဥပဒေ ဘာကြောင့်လိုအပ်သလဲ ဆိုတာကို ဆွေးနွေးပေးချင်ပါတယ်။ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ စစ်မှုထမ်းစနစ်များကို ခြုံငုံလေ့လာကြည့်လိုက်တဲ့အခါ အမျိုးသား၊ အမျိုးသမီးခြွင်းချက်မရှိ တာဝန်ထမ်းဆောင်ရတဲ့ စစ်မှုမထမ်း မနေရစနစ် (Mandatory Conscription) စနစ်၊ ဥပဒေအရ စစ်မှုမထမ်းမနေရ စနစ်နဲ့ ဆန္ဒပြုစနစ်ကို တွဲစပ်ကျင့်သုံးသည့် (De Jure Conscription or Combination) ဆိုပြီး နှစ်မျိုးတွေ့ရပါတယ်။ အသက်အရွယ်နဲ့ ကျန်းမာရေး အဆင့်အတန်းမီတဲ့ အမျိုးသား၊ အမျိုးသမီး နိုင်ငံသားတိုင်း စစ်မှုမထမ်း မနေရဖြစ်တဲ့ (Mandatory Conscription) စနစ်ကို လူဦးရေနည်းပါးတဲ့ နိုင်ငံငယ်လေးတွေနဲ့ တစ်ပါတီစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ တချို့နိုင်ငံတွေမှာတော့ ဥပဒေအရ စစ်မှုထမ်းဆောင်ရမယ့် နိုင်ငံသားများအားလုံး မှတ်ပုံတင်စေသော်လည်း တာဝန်ထမ်းဆောင်ဖို့ ဆန္ဒပြုသူတွေနဲ့ အင်အား လိုအပ်သလောက်သာ အကန့်အသတ်နဲ့ ဆင့်ခေါ်တဲ့ De Jure or Combination ပုံစံကျင့်သုံး တာကို တွေ့ရပါတယ်။ လစ်ဘရယ်ဒီမိုကရေစီ နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံမှာလည်း ကမ္ဘာစစ်ကြီးတွေ ဖြစ်ပွားနေတဲ့ကာလမှာ စစ်မှုမထမ်း မနေရစနစ်ကို ကျင့်သုံးခဲ့ပြီး ယခုလည်း Selective Service လို့ခေါ်တဲ့ အသက် ၁၈ နှစ်ပြည့်လျှင် စစ်မှုထမ်းဆောင်ရန် အတွက် မဖြစ်မနေ မှတ်ပုံတင်ရတဲ့ စနစ်ပြုလုပ်ထားပြီး ဒီလိုမှတ်ပုံတင်တဲ့ အထဲကမှ လိုအပ်သလောက်ကိုသာ စိစစ်ခေါ်ယူခြင်းပြုလုပ်ပါတယ်။ တစ်နည်းအားဖြင့် De Jure or Combination ပုံစံလို့ သတ်မှတ်နိုင်ပါတယ်။ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းမှာ စစ်မှုမထမ်း မနေရစနစ်ကို ကျင့်သုံးနေပြီး လာအို နဲ့ အိန္ဒိယနိုင်ငံမှာတော့ ဆန္ဒပြုစနစ်ဖြစ်ပေမယ့် နိုင်ငံအတွက် လိုအပ်တဲ့အချိန်မှာ စစ်မှုထမ်းတွေ ဆင့်ခေါ်နိုင်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းထားရှိပါတယ်။ တရုတ်နိုင်ငံကတော့ အမေရိကန်နိုင်ငံလိုပဲ De Jure or Combination ပုံစံကို ကျင့်သုံးနေတယ်လို့ ဆိုနိုင်ပါတယ်။ အင်အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့ ရုရှားနိုင်ငံကတော့ စစ်မှုထမ်း ဥပဒေကို ပြဋ္ဌာန်းပြီး လက်တွေ့ ကျင့်သုံးလျက်ရှိပါတယ်။ ဒေသတွင်းနိုင်ငံများ ဖြစ်တဲ့ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ စင်ကာပူ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတွေမှာ စစ်မှုထမ်း ဥပဒေကို ပြဋ္ဌာန်း ကျင့်သုံးလျက်ရှိပါတယ်။ အင်ဒိုနီးရှား နိုင်ငံမှာလည်း De Jure ပုံစံကို ကျင့်သုံးပါတယ်။ World Population Review Website မှာ ဖော်ပြထားချက်များအရ ကမ္ဘာပေါ်မှာ စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းထားပြီး ပုံစံမျိုးစုံနဲ့ ကျင့်သုံးနေတဲ့ နိုင်ငံပေါင်း ၈၆ နိုင်ငံ ရှိတယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ လွတ်လပ်ရေး ရပြီးကတည်းက ဆန္ဒအလျောက် စစ်မှုထမ်းဆောင်တဲ့စနစ် (Voluntary Enlistment) ကိုသာ ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း ဒီလိုအချိန်ကြာလာတဲ့အခါမှာ နိုင်ငံတော် ကာကွယ်ရေး တာဝန်ဟာ စစ်မှုထမ်းတွေရဲ့ အလုပ်သာဖြစ်တယ် ငါတို့နဲ့မဆိုင်ဘူးဆိုတဲ့ စိတ်ဓာတ်မျိုးတွေ ဝင်လာတတ်ကြပြီး သောင်းကျန်းသူ လက်နက်ကိုင်အဖွဲ့ အများစုဟာ လည်း လူမျိုးရေးကို အခြေခံပြီး အတင်းအဓမ္မ လူသစ်စုဆောင်းမှုတွေ ဆောင်ရွက်နေတာကို သတိပြုရမှာ ဖြစ်ပါတယ်။ အမှန်တော့ နိုင်ငံတော် ကာကွယ်ရေးဆိုတာ နိုင်ငံသားတစ်ဦးချင်းစီမှာ တာဝန်ရှိပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် တိုင်းပြည်အတွက် လိုအပ်ရင် နိုင်ငံရဲ့တရားဝင် တပ်မတော်မှာ နိုင်ငံသားတိုင်း စစ်မှုထမ်းရမယ် ဆိုတဲ့မူကို ၁၉၄၇ ခုနှစ်ကတည်းက ထုတ်ဖော်ပြောဆိုထားတာကိုလည်း တွေ့ရပါတယ်။ နိုင်ငံတော်ကာကွယ်ရေး အမြင်နဲ့ အတတ်ပညာတွေဟာလည်း ပြည်သူများအားလုံး သိသင့်သိထိုက်တဲ့ သိရမယ့်ပညာရပ်တွေဖြစ်ပါတယ်။ မြန်မာနိုင်ငံလို တောင်အာရှနဲ့ အရှေ့တောင်အာရှကို ပေါင်းကူးပေးတဲ့ ပထဝီနိုင်ငံရေးအရ အချက်အချာကျတဲ့နေရာ၊ အင်အားကြီးနိုင်ငံတွေရဲ့ အကြားမှာ တည်ရှိနေတဲ့ နိုင်ငံအတွက် နိုင်ငံတော် ကာကွယ်ရေး အသိပညာနဲ့ အတတ်ပညာတွေဟာ နိုင်ငံသားတိုင်း သိသင့်၊ တတ်သင့်လှပါတယ်။ ဒါကြောင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေ စတင်အသက်ဝင်လာခဲ့တာဟာ နိုင်ငံတော် လုံခြုံရေးအတွက် ရေရှည်တစိုက်မတ်မတ် လုပ်ရမယ့် အထူးကောင်းမွန်တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်လို့ နားလည်မိပါတယ်။ ဒီဥပဒေဟာ ယခုမှဖြစ်ပေါ်လာတာတော့ မဟုတ်ဘဲ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလကတည်းက ပြဋ္ဌာန်းထားခဲ့တာဖြစ်ပြီး ယခုမှစတင်အသက်ဝင်လာတာ ဖြစ်ပါတယ်။ သို့သော်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်လာလို့ နိုင်ငံသားအားလုံး မဖြစ်မနေ တာဝန်ထမ်းဆောင်ရမယ့် ပုံစံမဟုတ်ဘဲ လိုအပ်သလောက်သာ အကန့်အသတ်နဲ့ တာဝန်ထမ်းဆောင်ရမယ့် ပုံစံဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အသက်အရွယ်အရ အကျုံးဝင်သူ စစ်မှုထမ်းဆောင်နိုင်တဲ့ အမျိုးသား၊ အမျိုးသမီး အားလုံး တစ်ပြိုင်နက်တည်း တာဝန်ထမ်းဆောင်ရမှာ မဟုတ်ဘဲ နိုင်ငံတော်အတွက်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် သတ်မှတ်အသက်အပိုင်းအခြား အတွင်းက စိစစ်ပြီး အင်အားအနည်းငယ်ကိုသာ ခေါ်ယူမှာဖြစ်တဲ့အတွက် လတ်တလောမှာ အမျိုးသားများကိုသာခေါ်ယူပြီး အမျိုးသမီးတွေကို ခေါ်ယူဦးမှာ မဟုတ်ဘူးလို့လည်း တာဝန်ရှိသူတွေ ပြောဆိုတာကို ကြားနေရပါတယ်။ ဒါ့အပြင် စစ်မှုထမ်းဆောင်ဖို့ ရွေးချယ်ခံရတဲ့သူတွေအားလုံး ယခုတပ်မတော်သားများ နည်းတူ ရသင့်ရထိုက်တဲ့ ရိက္ခာ၊ လစာတွေ၊ ခံစားခွင့်တွေကိုလည်း ရရှိကြမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့ ယခုမှ ပြည်သူ့စစ်မှုထမ်း ဥပဒေကို အသက်ဝင်စေပြီး ဥပဒေနည်းလမ်းတကျ စစ်မှုထမ်းများကို စိစစ်ရွေးချယ်ခေါ်ယူဖို့ ဆောင်ရွက်နေပေမယ့် မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ သောင်းကျန်းသူတွေကတော့ အတင်းအဓမ္မ လူသစ်စုဆောင်းမှုတွေကို လုပ်ဆောင်နေကြတာ လွတ်လပ်ရေး ရပြီးကတည်းကလို့ပဲ ဆိုနိုင်ပါတယ်။ လတ်တလောကာလမှာ KIAသောင်းကျန်းသူအဖွဲ့က ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း မြောက်ပိုင်းဒေသက ပြည်သူတွေကို အပြစ်အမျိုးမျိုးရှာပြီး ပြစ်ဒဏ် အတွက် KIA အဖွဲ့ထဲဝင်ခိုင်းသလို ကျေးရွာအလိုက်၊ မိသားစုအလိုက်လည်း အဓမ္မလူသစ်စုဆောင်းနေပါတယ်။ MNDAA နဲ့ TNLA အဖွဲ့သည်လည်း ထိုနည်းတူစွာ ဆောင်ရွက်ပြီး သူတို့အဖွဲ့ထဲ မဝင်လိုလျှင် အဆမတန်ဆက်ကြေး ပေးဆောင်ရပါတယ်။ သိပ်မကြာသေးခင်ကပဲ စစ်ဘေးရှောင်တဲ့ ကလေးနဲ့ သံဃာတွေပါမချန် သင်္ကန်းချွတ်ပြီး အတင်းအဓမ္မ လူသစ်စုဆောင်းလို့ ပလောင်ဒေသက လူငယ်တွေ ထွက်ပြေးနေရပါတယ်။ ရခိုင်ပြည်နယ်က သောင်းကျန်းသူ AA အဖွဲ့ကလည်း ရွာတစ်ရွာကို ၁၀ ဦးနှုန်းနဲ့ အဓမ္မလူသစ်စုပါတယ်။ AA ထဲ မဝင်ရင် ရွာကနေမောင်းထုတ်ပါတယ်။ “ဝ”အဖွဲ့၊ မိုင်းလားအဖွဲ့၊ ဝမ်ဟိုင်းအဖွဲ့၊ ယွက်စစ်အဖွဲ့၊ MNSP မွန်အဖွဲ့၊ KNU အဖွဲ့တွေလည်း ထိုနည်းတူစွာပဲ ဆောင်ရွက်ကြပါတယ်။ PDF အကြမ်းဖက်တွေကတော့ သူတို့ထဲမဝင်ရင် ဒလန်လို့စွပ်စွဲပြီး သတ်ဖြတ်နေကြလို့ ပြည်သူအားလုံးက အော့နှလုံးနာနေကြရပါတယ်။ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံက လိုအပ်ချက်အရ ပြဋ္ဌာန်းထားတဲ့ ဥပဒေကို အသက်သွင်းခဲ့တာကို ဆန့်ကျင်ဝေဖန်နေကြတဲ့ နိုင်ငံများနဲ့ အဖွဲ့အစည်းတချို့ဟာ တရားမဝင်လက်နက်ကိုင် သောင်းကျန်းသူများရဲ့ အတင်းအဓမ္မ လူသစ်စုဆောင်းမှုကို မသိချင်ယောင်ဆောင်ပြီး အစိုးရတစ်ရပ်ရဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ချက်ကို ဝေဖန်ဆန့်ကျင်နေကြတာကိုလည်း အံ့အားသင့်ဖွယ် မြင်တွေ့ကြားသိနေရပါတယ်။ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ တာဝန်သိ နိုင်ငံ့သားကောင်း လူငယ်တွေ စစ်မှုထမ်းဆောင်ရာမှာလည်း လူတိုင်း တိုက်ခိုက်ရေးတပ်ရင်း/တပ်ဖွဲ့တွေကို သွားဖို့ လိုအပ်တာမဟုတ်ဘဲ ကျွမ်းကျင်ရာ ပညာရပ်တွေအလိုက် တာဝန်ပေးအပ်မှာဖြစ်လို့ အခြားလက်ရုံး တပ်ဖွဲ့များကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။ စစ်မှုထမ်းဆောင်ရမယ့် လူငယ်တွေဟာ တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့များမှာ တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီးအခြားပြည်သူတွေ အနေနဲ့လည်း ပြည်သူ့စစ်မှုထမ်းစနစ်ကို လေ့လာခွင့်ရမှာ ဖြစ်တာကြောင့် အထူး သင့်လျော်တယ်လို့လည်း ယူဆမိပါတယ်။ နည်းဥပဒေတွေ အတည်တကျ ထွက်လာရင်တော့ ဒီအချက်တွေ ရှင်းရှင်းလင်းလင်း ပါဝင်လာမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ဖျက်မီဒီညာတွေ၊ အကြမ်းဖက် သမားတွေနဲ့ သောင်းကျန်းသူတွေ လှုံ့ဆော်နေတဲ့ မဟုတ်မမှန်တဲ့သတင်းတွေကို နားမယောင်မိကြဖို့လိုပါတယ်။ ဒီအဖွဲ့တွေဟာ ပြည်သူတွေ နိုင်ငံတော်ကာကွယ်ရေး ပညာတွေ တတ်မြောက်ပြီး ဥပဒေနည်းလမ်းတကျ စစ်မှုထမ်းဆောင်လာကြမှာကို အင်မတန်ကြောက်ရွံ့ နေကြတဲ့ အဖွဲ့တွေဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ တာဝန်ထမ်းဆောင်ကြမည့် လူငယ်များဟာ နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြတဲ့ နိုင်ငံ့သားကောင်းများအဖြစ် လူမှုပတ်ဝန်းကျင်မှာ ဂုဏ်သိက္ခာမြင့်မားစွာ ရပ်တည်နိုင်မှာဖြစ်သလို စစ်မှုထမ်းဆောင်စဉ် ကာလအတွင်း တစ်ကိုယ်ရေစည်းကမ်း ကောင်းမွန်လာခြင်း၊ ပင်ကိုအရည်အသွေးများ ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊ ရင့်ကျက်မှုပိုမိုရှိလာပြီး မိမိကိုယ်ကို ယုံကြည်မှု၊ ဇွဲ၊ လုံ့လရှိမှုနဲ့ ကိုယ်ကာယကြံ့ခိုင်မှုတွေ တိုးတက်ရရှိလာမှာ ဧကန်မလွဲဖြစ်ပါတယ်။ ဒါ့အပြင် စစ်မှုထမ်းခြင်းမှ ရရှိလာမယ့် အတွေ့အကြုံနဲ့ အသိပညာများကြောင့် အနာဂတ်လူငယ်များရဲ့ ဘဝရပ်တည်မှုကို များစွာ အထောက်အကူပေးနိုင်မှာဖြစ်လို့ ကိုယ်ပိုင်လုပ်ငန်းခွင် နယ်ပယ်မှာလည်း ရင်ဆိုင်ကြုံတွေ့လာရမယ့် စိန်ခေါ်မှုများစွာကို ဖြေရှင်းနိုင်ဖို့အတွက် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်စွမ်းမှုများလည်း ရရှိစေမှာဖြစ်ပါတယ်။ နောက်ထပ်အရေးကြီးတဲ့ တစ်ချက်က ပြည်သူတွေအများစု သို့မဟုတ် ရပ်ရွာအလိုက် အချိုးညီမျှစွာ စစ်မှုထမ်းဆောင်ကြရမှာဖြစ်တဲ့အတွက် အရပ်ဘက်နဲ့ စစ်ဘက်အကြား အပြန်အလှန် ယုံကြည်နားလည်မှုတွေ တည်ဆောက်နိုင်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာမှာ စစ်မှုမထမ်းမနေရ စနစ်တွေကို အရပ်ဘက်နဲ့ စစ်ဘက်အကြားက လူမှုပေါင်းကူး တံတား (Civil-military Social Bridge) လို့လည်း တင်စားခေါ်ဝေါ်လေ့ ရှိကြပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေ အကောင်အထည်ပေါ်လာတာနဲ့အမျှ မြန်မာနိုင်ငံရဲ့တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ကာကွယ်ရေးနဲ့ လုံခြုံရေးအသိရှိတဲ့ နိုင်ငံသားများ ပိုမိုများပြားလာမှာ ဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ဖြစ်တည်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ရေရှည်အာမခံနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံပြိုကွဲဖို့ နည်းလမ်းပေါင်းစုံက ထိုးနှက်နေတဲ့ နိုင်ငံတချို့အနေနဲ့ မြန်မာနိုင်ငံက ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဝေဖန်ရေး လုပ်နေတာဟာ သူတို့ရဲ့စိတ်ရင်းအမှန်ကို လှစ်ပြနေတာနဲ့ တူနေပါတယ်။ အမှန်စင်စစ် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အိမ်နီးချင်း နိုင်ငံများသာမက ဒေသတွင်း နိုင်ငံအများအပြားမှာ ကျင့်သုံးနေသလို ကမ္ဘာ့အင်အားကြီး နိုင်ငံများမှာလည်း နိုင်ငံ့ကာကွယ်ရေး စွမ်းပကားမြင့်မားစေရေး မဖြစ်မနေ ကျင့်သုံးလျက်ရှိပါသည်။ သတ်မှတ်ကာလအတိုင်း စစ်မှုထမ်းဆောင်ပြီးပါက ကျား/ မ မရွေး လူငယ်များအနေဖြင့် သင့်တင့်မျှတစွာ စဉ်းစားချင့်ချိန်နိုင်ခြင်း၊ စည်းကမ်းစနစ်တကျ ရှိလာခြင်း၊ ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိလာခြင်း၊ ကိုယ်ရည်ကိုယ်သွေး မြင့်မားလာပြီး တပ်မတော်အပေါ် နားလည် ယုံကြည်မှုများ ပိုမိုတိုးတက်လာစေမှာဖြစ်ပါတယ်။ နိဂုံးချုပ်ရရင်တော့ ၂၀၁၀ ပြည့်နှစ်ကတည်းက အတည်ပြုပြဋ္ဌာန်းထားတဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ကမ္ဘာ့အင်အားကြီးနိုင်ငံများ အားပြိုင်မှုကြားမှာ မိမိတို့နိုင်ငံအနေနဲ့ ပထဝီနိုင်ငံရေးအရ အချက်အချာကျကျ တည်ရှိမှုကြောင့် ကာကွယ်ရေး စွမ်းပကား မြင့်မားရန် လိုအပ်မှု၊ ကျင့်သုံးနေတဲ့ ပြည်သူ့စစ်မဟာဗျူဟာကို ဟန်ချက်ညီပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်နေမှု၊ ပြည်သူလူထုရဲ့မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုရှင်သန်မြင့်မားလာစေရေးနဲ့ နိုင်ငံသားတိုင်း နိုင်ငံတော်ကာကွယ်ရေး တာဝန် ထမ်းဆောင်နိုင်စေရေးတို့အတွက် ရေရှည်မြော်တွေးပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စတင်အသက်သွင်းလိုက်ရခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အသက်ဝင်လာတဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေဟာ ကမ္ဘာ့နိုင်ငံတချို့ ကျင့်သုံးနေတဲ့ အမျိုးသား၊ အမျိုးသမီး အားလုံးခြွင်းချက်မရှိ စစ်မှုထမ်းရမည့် (Mandatory Conscription)မျိုး မဟုတ်သလို အကြမ်းဖက်သမားတွေနဲ့ သောင်းကျန်းသူတွေ ပြုလုပ်နေသလို အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းမျိုး မဟုတ်ဘဲ မိမိနိုင်ငံရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေး အခြေအနေတွေပေါ်မှာသာ မူတည်ပြီး သင့်တင့်လျောက်ပတ်တဲ့ အင်အားကိုသာ တာဝန်ယူ ထမ်းဆောင်ရမယ့် De Jure or Combination ပုံစံမျိုး ပြည်သူ့စစ်မှုထမ်း ဥပဒေဖြစ်တယ်ဆိုတဲ့ အကြောင်း ပြည်သူအများ သိရှိနိုင်အောင် ရေးသား တင်ပြလိုက်ရပါတယ်။ ။ မင်းခန့် ဆောင်းပါး

Verified by MonsterInsights